Monday, September 23, 2013

အိမ်ခြံမြေ အနိမ့်ဆုံး ဈေးနှုန်း သတ်မှတ်ချက်တွေကို အစိုးရက ထုတ်ပြန်

ရန်ကုန်မှာ အိမ်ခြံမြေ ရောင်းဝယ်ရာမှာ အနိမ့်ဆုံး ဈေးနှုန်း သတ်မှတ်ချက်တွေကို အစိုးရက ထုတ်ပြန်လိုက်ပါတယ်။
ဒီလို သတ်မှတ်တာဟာ ဈေးနှုန်းကို ထိန်းချုပ်ဖို့ မဟုတ်ပဲ အစိုးရ အနေနဲ့ အခွန် ဆုံးရှုံးမှုကို ကာကွယ်ဖို့ အပြင် အိမ်ခြံမြေ ဈေးကွတ်ကို ဈေးမကစား နိုင်အောင်လို့ လုပ်တာ ဖြစ်တယ်လို့ ဘဏ္ဍာရေး ဝန်ကြီး ဌာန ဒုဝန်ကြီး ဦး မောင်မောင်သိမ်း ပြောပါတယ်။
အစိုးရ ဌာနဆိုင်ရာ အဖွဲ့ ၆ဖွဲ့ ပါတဲ့ ကာလတန်ဖိုး စီစစ် သတ်မှတ်ရေး အဖွဲ့က ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ ရှိတဲ့ မြို့ ၃၃မြို့နယ်မှာ လာမဲ့ အောက်တိုဘာလ တစ်ရက်နေ့က စပြီး ဒီစနစ်နဲ့ စမ်းသပ် ကောက်ခံ သွားမှာ ဖြစ်ပါတယ်။
ဒီလို သတ်မှတ်လိုက်တဲ့ နှုန်းထားတွေဟာ လက်ရှိ ရန်ကုန် အိမ်ခြံမြေ အရောင်းဝယ် ဈေးကွတ် ပေါက်ဈေးကို အခြေခံပြီး သတ်မှတ်ထားတာ ဆိုပေမဲ့ လက်ရှိ ဈေးကွက် အတွင်းမှာ အရောင်းဝယ် ဖြစ်နေတဲ့ ပေါက်ဈေးတွေနဲ့ နှိုင်းယှဉ်ရင်တော့ ၄ ပုံ ပုံ ရင် တစ်ပုံလောက်ပဲ ရှိပါတယ်။
ရန်ကုန်မှာ ဒီလိုစနစ်နဲ့ ကောက်ခံဖို့ သတ်မှတ်ရတာနဲ့ ပတ်သတ်လို့ ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်သိမ်း က ဘီဘီစီ ကို ပြောပြရာမှာ ရန်ကုန်တိုင်း အတွင်းမှာ စလုပ်တာ ဖြစ်ပြီး စမ်းသပ် လုပ်ဆောင်တာလို့ ဆိုပါတယ်။
ဒါဟာ အခွန်အပြည့်အဝ ရဖို့ လုပ်ဆောင်တာ ဖြစ်ပြီး စျေးသတ်မှတ်တာ မဟုတ်ကြောင်း ၊ အခွန် မဆုံးရှုံးရအောင် ဦးတည်လုပ်ဆောင်တာ ဖြစ်ကြောင်း ၊ အခွန်က ဒီအတိုင်းသွားရင် စျေးကစားလို့ မရအောင် လုပ်တာလို့ ဒု ဝန်ကြီး ဦးမောင်မောင်သိမ်းက ပြောပါတယ်။
အခုလို အစိုးရ သတ်မှတ်လိုက်တဲ့ မြို့နယ်အလိုက် ဈေးနှုန်းတွေ ထဲမှာ ဈေးအကြီးဆုံး ကတော့ မရမ်းကုန်း မြို့နယ်နဲ့ ဗဟန်းမြို့နယ်တို့ ဖြစ်ပြီးတော့ တစ်ပေပတ်လည်ကို ကျပ် ၃သိန်းကျော် လောက်အထိကို သတ်မှတ်ထားတယ်လို့ ရန်ကုန် က အိမ်ခြံမြေ အရောင်းဝယ် လုပ်တဲ့ သူတွေက ပြောပါတယ်။
ဒီလို သတ်မှတ်ပြီး ကောက်မယ်လို့ အစိုးရက ပြောပြီးတဲ့ နောက်ပိုင်းမှာ ရန်ကုန် အိမ်ခြံမြေ အရောင်းဝယ် အခြေနေကို ဘယ်လို သက်ရောက်မှု ရှိနိုင်ပါသလဲလို့ စိုင်းခွန်နောင် အိမ်ခြံမြေ အရောင်းဝယ် လုပ်ငန်းက အထွေထွေ မန်နေဂျာ ဦးရန်အောင် ကို မေးကြည့်တဲ့ အခါ စျေးပြောင်း မသွားနိုင်ပါဘူးလို့ သူက ဆိုပါတယ်။
တကယ် မဝယ်မဖြစ်တဲ့ သူတွေကတော့ ဝယ်ယူ နေထိုင်ကြမှာ ဖြစ်တယ်လို့ ဦးရန်အောင်က ပြောပါတယ်။
ဒါ့အပြင် အချက်အချာ ကျတဲ့ နေရာတွေကတော့ အရောင်းအဝယ် စျေးကျမသွားနိုင်ဘဲ အရောင်းအဝယ်က အရင်အတိုင်း ဆက်ဖြစ်သွားလိမ့်မယ်လို့ သူက ဆိုပါတယ်။
ဒါပေမယ့် မြို့သစ်တွေမှာ အကွက်သစ်တွေကို ဝယ်ရောင်းလုပ်သူတွေတော့ စျေးကစားနိုင်မှာ မဟုတ်တော့တဲ့ အကြောင်း သူက ရှင်းပြခဲ့ပါတယ်။
ဒီလို မြေတွေ ၊ ခြံတွေ ၊ အိမ်တွေကို ဝယ်ပြီး ပြန်ရောင်း ဈေးကစားတာဟာ ၂၀၀၇ တုန်းက အစိုးရက အခွန်နှုန်းထား တွေကို လျှော့ပေးလိုက်တဲ့ အချိန်ကစပြီး သိသာ လာတယ်လို့ ဆိုပါတယ်။
အဲဒီနောက်ပိုင်းမှာ အိမ်ခြံမြေ မြေဈေးတွေ မြင့်လာတာ ဖြစ်ပြီး အခု စနစ်ဟာ အရင် စနစ်နဲ့ ကွာတာက ပြည်ထဲရေး ၊ ပြည်တွင်းအခွန် ၊ အထွေထွေ အုပ်ချုပ်ရေး ရဲတပ်ဖွဲ့ အမျိုးသားစီမံကိန်းနဲက အိုးအိမ် စတဲ့ ဌာနတွေ ပါဝင်ပြီးတော့ လိုအပ်သလို ဈေးနှုန်းတွေကို ပြင်ဆင် သတ်မှတ်ဖို့ရှိတယ် ဆိုတဲ့ အတွက် အများကြီး လက်တွေ့ကျတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ အခွန်ကို ဝယ်သူက ၃၇ ရာခိုင်နှုန်း ရောင်းသူ ဖက်က ၇ ရာခိုင်နှုန်း ဆောင်ဖို့ သတ်မှတ်ချက်ဟာ အိမ် ခြံ မြေ အမည်ပေါက် ပြောင်းမှဘဲ ဆောင်ရွက်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ကိုယ်စားလှယ် လွှဲစာ စပယ်ရှယ် ပါဝါတွေ နဲ့ အမည်မပြောင်းဘဲ တွေ့ရောင်း ၊ တွေ့ဝယ် နေတဲ့ တကယ့် ဈေးကွတ်မှာ အချိန်တို အတွင်း ဈေးတွေ ကျလာနိုင်တဲ့ အထိ အလုပ်မဖြစ်နိုင်ဘူးလို့ သုံးသပ် နေကြပါတယ်။
BBC ( Myanmar )
22/9/2013

No comments:

Post a Comment

以愛傳承更新的教會——從馬太福音看教會

弟兄姐妹平安! 歡迎來到神的面前,一起來敬拜,一起學習神的話,一起讓我們的教會教會成為教會。 回到我們一直學習的問題:「教會是什麼?」、「教會應該是什麼?」、「教會在世上的目的又是什麼?」、「怎樣的特質才能讓教會像個教會」。這是我們教會一直在學習的真理,也是我們教會的使命。作...