Saturday, October 5, 2013

緬甸華裔 楊鑫榮 獲緬甸環球小姐冠軍 Moe Set Wine: Miss Universe Myanmar 2013

楊鑫榮( 1988/5/20仰光)
留學美國的華裔美女楊鑫榮(Moe Set Wine),於3/10/2013舉行的緬甸環球小姐選拔賽中榮奪冠軍(Miss Universe Myanmar 2013),將代表緬甸參加下個月在莫斯科舉行的2013年環球小姐大賽(Miss Universe 2013)。

環球小姐選美起源於一九五二年,緬甸首度選派佳麗參加是一九五九年,之後連續三年都有緬甸小姐代表參賽,但一九六一年後就不再有緬甸小姐參賽。這樣她就成為緬甸50多年來首位環球小姐參賽佳麗。

小檔案:
姓名:楊鑫榮{緬語原名:ဝေဝေခင် (wei wei khin)}
藝名:Moe Set Wine
生日:1988/5/20
出生地:緬甸仰光
學歷:緬甸仰光德貢大學(英語)
            California lutheran university
           (Business marketing
身高:178cm
三圍:35-25-36

မယ်စကြဝဠာပြိုင်ပွဲသို့ နှစ်ပေါင်း(၅၀)ကျော်အတွင်း မြန်မာကိုယ်စားပြု ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ရန် ရွေးချယ်သော ပြိုင်ပွဲတွင် အသက်(၂၅)နှစ်အရွယ် မိုးစက်ဝိုင်ကို Miss Universe Myanamr ဆွတ်ခူးပြီး တွေ့ရစဉ်။ ယခုပြိုင်ပွဲမှာ ဆယ်စုနှစ် ငါးခုကျော်ကြာတွင် ပရိသတ်ရှေ့မှောက် စင်မြင့်ထက်၌ ရေကူးဝတ်စုံဖြင့် ယှဉ်ပြိုင်သည့် ပထမဆုံးပြိုင်ပွဲအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ) 7Day Daily

Miss Universe Myanmar 2013 ဆုကို ပရိသတ်အများစု ကြိုတင်ထင်ကြေးပေးထားသည့်အတိုင်း အသက်(၂၅) နှစ်အရွယ် ပြိုင်ပွဲဝင် ခါးနံပါတ် (၁၆) မိုးစက်ဝိုင်က ဆွတ်ခူးသွားသည်။

နှစ်ပေါင်း ငါးဆယ်ကျော် ကြာပြီးနောက် မယ်စကြ၀ဠာပြိုင်ပွဲ (Miss Universe) သို့ မြန်မာအနေဖြင့် ပြန်လည်ဝင်ပြိုင်ခွင့်ရခဲ့ပြီး ပထမဆုံးကျင်းပသည့်ပြိုင်ပွဲဖြစ်ကာ ပရိသတ်ရှေ့ စင်မြင့်ထက်တွင် ရေကူးဝတ်စုံဖြင့် ပထမဆုံးယှဉ်ပြိုင်သည့် ပြိုင်ပွဲအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည့် ပြိုင်ပွဲ ဖြစ်သည်။

ဆုရရှိသွားသော မိုးစက်ဝိုင်သည် Miss Universe Myanmar 2013 အဖြစ် ရွေးချယ်ခံခဲ့ရသောကြောင့် နိုဝင်ဘာ ၉ ရက်တွင် ရုရှားနိုင်ငံ မော်စကိုမြို့၌ ကျင်းပပြုလုပ်မည့် မယ်စကြ၀ဠာပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မိုးစက်ဝိုင်သည် အမေရိကန်နိုင်ငံ California Lutheran တက္ကသိုလ်မှ စီးပွားရေးဆိုင်ရာဘွဲ့ ရရှိထားသူဖြစ်ပြီး အမေရိကန်နိုင်ငံ ကုမ္ပဏီတစ်ခုတွင် တစ်နှစ်တာ အလုပ်လုပ်ကိုင်ခဲ့သူတစ်ဦးလည်း ဖြစ်သည်။

Miss Universe Myanmar ပြိုင်ပွဲကို အောက်တိုဘာ ၃ ရက် ညက အမျိုးသားကဇာတ်ရုံတွင် ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင် ဆန်ခါတင် ၂၀ ဦးအနက်မှ ဆုရရှိသူများကို ရွေးချယ်ခဲ့ခြင်းဖြစ်ကာ ပြိုင်ပွဲတစ်လျှောက် ယှဉ်ပြိုင်ခဲ့မှုမှ ရမှတ် ၇၀ ရာခိုင်နှုန်း ယူခဲ့ပြီး နောက်ဆုံးပြိုင်ပွဲမှ ရမှတ် ၃၀ ရာခိုင်နှုန်းကို ရယူခဲ့ကြောင်း ပြိုင်ပွဲစီစဉ်သူများထံမှ သိရသည်။

Miss Universe Myanmar သည် ကမ္ဘာ့အဆင့် မယ်စကြ၀ဠာပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် နိုင်ငံကိုယ်စားပြုပြိုင်ပွဲဝင်ကို ရွေးချယ်သည့်ပွဲဖြစ်သော်လည်း နောက်ဆုံးဆန်ခါတင်ငါးဦးအား ဉာဏ်စမ်းမေးခွန်းများ မေးမြန်းရာတွင် မြန်မာလိုမေးကာ မြန်မာလိုပင် ပြန်လည်ဖြေကြားစေခဲ့သည်ကို တွေ့ရသည်။ မေးခွန်းများ မေးမြန်းမှုကို ဖြေဆိုရာတွင်လည်း ဖြေကြားမှုအချို့ကို ပရိသတ်များက အားမလိုအားမရဖြစ်ခဲ့သည်။

မိုးစက်ဝိုင်သည် Miss Universe Myanmar ဆု ရရှိခဲ့သောကြောင့် ဆုငွေကျပ်သိန်းတစ်ရာ၊ ဟွန်ဒါဖစ်ကားတစ်စီးနှင့် ကျပ်သိန်းနှစ်ဆယ်တန် စိန်သရဖူတို့ ရရှိခဲ့သည်။ ဒုတိယဆုကို အသက် ၁၉ နှစ်အရွယ် ဆေးကျောင်းသူဖြစ်သည့် ခါးနံပါတ်(၄) အေးချမ်းမိုးနှင့် တတိယဆုကို အသက် ၂၃ နှစ်အရွယ် အမျိုးသားစီမံခန့်ခွဲမှုကောလိပ်မှ စီးပွားရေးစီမံခန့်ခွဲမှုဘွဲ့နှင့် ဗြိတိန်နိုင်ငံ Bolton တက္ကသိုလ်မှ MBAဘွဲ့ ရရှိထားသော ခါးနံပါတ် (၁၅) မြတ်နှင်းဖြူတို့ကရရှိခဲ့ပြီး အခြားဆုများလည်း အသီးသီး ချီးမြှင့်ခဲ့သည်။
မိုးစက်ဝိုင်သည် ဖေ့စ်ဘွတ်ခ်ဝက်ဘ်ဆိုက်နှင့် M188 တို့မှ ပရိသတ်များပေးသည့် Voting အများဆုံးရရှိခဲ့သောကြောင့် Miss Famous ဆုနှင့် Miss Healthy Skin ဆုများလည်း ရရှိခဲ့သည်။

aအာက်တိုဘာ ၃ ရက် ညတွင် ပြုလုပ်ခဲ့သော Miss Universe Myanmar 2013 ၏ နောက်ဆုံးပြိုင်ပွဲသို့ လာရောက်ကြည့်ရှုခဲ့သော ပရိသတ်အများစုကလည်း မိုးစက်ဝိုင် ဆုရရှိခဲ့သည့်အပေါ် နိုင်ငံတကာတွင် သွားရောက်ယှဉ်ပြိုင်မည့်သူတစ်ဦးအနေဖြင့် အရည်အချင်းပြည့်စုံသူဖြစ်သည်ဟု သုံးသပ်ကြသည်။
မြန်မာနိုင်ငံသည် Miss Universe ပြိုင်ပွဲသို့ ၁၉၅၉၊ ၁၉၆၀နှင့်၁၉၆၁ ခုနှစ်တို့တွင် မြန်မာနိုင်ငံကိုယ်စားပြုမယ်များ သွားရောက်ယှဉ်ပြိုင်ခဲ့ပြီး ၁၉၆၀ ပြည့်နှစ်တွင် ယှဉ်ပြိုင်ခဲ့သော ဒေါ်မြင့်မြင့်မေက Miss Universe ပြိုင်ပွဲတွင် Miss Congeniality ဆု ရရှိခဲ့သည်။

7Day Daily

ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံမှာ အောက်တိုဘာလ ၃ ရက်နေ့က ကျင်းပတဲ့ Miss Universe Myanmar 2013 ပြိုင်ပွဲမှာ မိုးစက်ဝိုင် အသက် ၂၅ နှစ်က ပထမဆု ရရှိသွားပါတယ်။
မိုးစက်ဝိုင်ဟာ ပထမဆုရရှိခဲ့တဲ့အတွက် ရုရှားနိုင်ငံမှာ နိုဝင်ဘာ ၉ ရက်နေ့ကျင်းပမယ့် Miss Universe 2013 ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိပြီ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော်ကြာ မကျင်းပနိုင်ခဲ့တဲ့ မယ်ပြိုင်ပွဲကို ဒီနှစ်မှာ ပထမဆုံး ပြန်လည်ကျင်းပခွင့်ရခဲ့တာဖြစ်ပြီး ပထမဆုံး ကျင်းပခွင့်ရတဲ့ ဒီပြိုင်ပွဲမှာ ဆုရတဲ့အပေါ် မိုးစက်ဝိုင် ဘယ်လိုခံစားရလဲ ဆိုတာကို မေးမြန်းထားပါတယ်။

Miss Universe 2013 ပြိုင်ပွဲမှာ ပထမဆုရရှိသွားတဲ့အပေါ် စိတ်ခံစားချက်လေးပြောပါ။

“အရမ်းဝမ်းသာပါတယ်။ ဂုဏ်လည်း ယူပါတယ်။ အဓိက မြန်မာပြည်က ပထမဆုံး အကြိမ် နှစ် ၅၀ ကျော်ကြာမှာ  ပြန်လည်ကျင်းပတဲ့အတွက်လည်း ဂုဏ်ယူပါတယ်။ ပထမဆုံး အကြိမ် ပြန်လည်ကျင်းပတဲ့ Miss Universe 2013  မှာ Miss Universe  ဖြစ်တဲ့အတွက်လည်း အရမ်းအရမ်းကို ဂုဏ်ယူပါတယ်။ ၂၀၁၃ မှာ SEA GAME တွေကော မြန်မာပြည် တိုးတက်တဲ့ခြေလှမ်းတွေနဲ့အတူ တက်လှမ်းနေတဲ့အပေါ် မိုးစက် တစိတ်တဒေသ ပါဝင်ရတဲ့ အတွက် အရမ်းကို ၀မ်းမြောက်ပါတယ်။”

အမေရိကန်ကနေ ဘယ်လိုဖြစ်လို့ Miss Universe 2013 ကို ၀င်ပြိုင်တာပါလဲ။

“မိုးစက်က အစက ကျောင်းတက်တယ်။ ကျောင်းတက်တိုင်းလည်း ရန်ကုန်ကို ပြန်ပြန်လာတယ်။ မိသားစုအကုန်လုံးလည်း ဒီမှာဆိုတော့။ ကျောင်းပြီးသွားတဲ့အခါမှာလည်း အလုပ်လုပ်ဖြစ်တယ်။ အလုပ်ပြီးတဲ့အခါမှာလည်း ဒီကို အပြီးပြန်လာတယ်။ ပြန်လာတဲ့အခါမှာ သူငယ်ချင်းတယောက် ဒီပွဲနဲ့ ကြုံတယ်လို့လာပြောပြတဲ့အခါ မိုးစက် အရမ်း စိတ်ဝင်စားသွားတယ်။ Miss Universe ပွဲဆိုတာ အရင်ကတည်းက ကြည့်တယ်။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် အဲဒီ အခွင့်အရေးတောင် ရမယ်လို့ မထင်ထားပါဘူး။ ဒီတခေါက်က ကိုယ့်မြန်မာပြည်က သွားခွင့်ရှိတယ်။ ကိုယ့်မြန်မာပြည် ကိုယ်စားပြုလို့ရမယ်။ ကိုယ့်ဘာသာ စကားပြောခွင့်ရှိတယ်။ အဲဒီတော့ နိုင်ငံကိုယ်စားပြုမယ်ဆိုတော့ အရမ်းအရမ်းကိုယ်စိတ်ဝင်စားပြီး အရမ်းအရမ်းကို ပါချင်တာပါ။”

Miss Universe 2013 ရပြီဆိုတော့ ရုရှားနိုင်ငံသွားဖို့အတွက် ဘယ်လိုမျိုးပြင်ဆင်မှုတွေ ရှိပြီလဲ။

“အခု အချိန်တိုတိုအတွင်းမှာ ပြင်ဆင်စရာတွေက အများကြီး။ အဓိက ပြင်ဆင်ရမှာက ခန္ဓာကိုယ် လေ့ကျင့်ရမယ်။ နိုင်ငံကို ကိုယ်စားပြုတယ်ဆိုတော့ တင်ဆက်ပုံကောင်းဖို့လိုတာပေါ့နော်။ လမ်းလျှောက်တဲ့ စကေး လေ့ကျင့်ရမယ်။ ဗဟုသုတတိုးဖို့အတွက် စာတွေဘာတွေဖတ်ရမယ်။ ကျန်တဲ့ဟာတွေက မိုးစက် အနေနဲ့ ထွေထွေထူးထူး လေ့ကျင့်ဖို့မလိုပါဘူး။”

ကမ္ဘာလုံးဆိုင်ရာနဲ့ ၀င်ပြိုင်မယ်ဆိုတော့ တခြားပြိုင်ဘက်တွေနဲ့ ထူးခြားအောင် မိုးစက် အနေနဲ့ ဘယ်လိုပြင်ဆင်ထားလဲ။

“တယောက်နဲ့တယောက် မတူဘူးပေါ့နော်။ အခုဟာက နိုင်ငံအသီးသီးက ကိုယ်စားပြုတဲ့ သူဆိုတော့ ကိုယ့်နိုင်ငံက သူများနိုင်ငံနဲ့ ဘာမတူဘူးလဲဆိုတာ ဖော်ပြနိုင်ဖို့လိုပါတယ်။ မိုးစက်အနေနဲ့ အဓိကဖော်ပြချင်တာကတော့ မြန်မာစိတ်နဲ့ မြန်မာ့ယဉ်ကျေးမှုပေါ့။”

ညီမက ဘာလူမျိုးလဲမသိဘူး။

“မိုးစက်က စပ်ထားတာတွေများပါတယ်။ ရှမ်းရယ်၊ မြန်မာရယ်၊ တရုတ်လည်း နည်းနည်းပါပါတယ်။”

မြန်မာပြည်မှာ မွေးတာလား။

“ဟုတ်ကဲ့။ မြန်မာပြည်မှာမွေးတာပါ။ မြန်မာပြည်မှာ မွေးပြီး ဘွဲ့လည်း ရထားပါတယ်။”
ရုရှားမှာ သွားပြိုင်တဲ့အခါ ဆုရအောင် ကြိုးစားဖို့ ဘယ်လို ပြင်ဆင်ထားလဲ။
“ဆုရအောင်တော့ ကြိုးစားမှာပေါ့။ အဓိကကတော့ မြန်မာပြည်ဂုဏ်မြောက်စေချင်ပါ တယ်။ အဆုံးစွန်အထိ အတတ်နိုင်ဆုံး အကောင်းဆုံး ဘာမှမဖြစ်ဖြစ်ရင်တောင် မြန်မာပြည် ဂုဏ်မြောက်စေချင်တာက မိုးစက်ရဲ့ အဓိက ရည်ရွယ်ချက်ပါ။”

နှစ် ၅၀ အတွင်းမှာ ပထမဆုံးအကြိမ် Miss Universe Myanmar အဖြစ် အရွေးခံရတယ်ဆိုတော့ နောက်နှစ်တွေမှာ ပြိုင်ပွဲဝင်မယ့် ညီမလေးတွေအတွက် ဘယ်လိုမျိုးတွေ ပြောချင်တာ ရှိလဲ။

“ကိုယ်တတ်စွမ်းသမျှ ရတဲ့အချိန်မှာ အခွင့်အရေးကြုံလာရင် အားလုံးကြိုးစား သင့်တယ်လို့ မြင်ပါတယ်။”
မိုးစက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ဘာကြောင့် ဒီဆုရတယ်လို့ ထင်လဲ။
“အဓိက ဆုရတာ ပြည်သူတွေ ရွေးချယ်တာလို့ မြင်ပါတယ်။ Miss Famous လည်းရထားတယ်။ အားလုံးကလည်း အရမ်းအားပေးကြတယ်။ အဲဒါကြောင့်လည်း ပိုပြီးအားတက်တာပေါ့နော်။ နောက် မြန်မာစိတ်လည်း ဖော်ပြနိုင်တယ်လို့ ထင်ပါတယ်။”

ဒီဗွီဘီ ပရိသတ်ကို ဘာများပြောချင်သေးလဲ။

“အားလုံး အားလုံးကို အရမ်းကျေးဇူးတင်ပါတယ်။ အခုတလောမှာ မိုးစက်က အချိန်တိုအတွင်းမှာ ရုရှားပွဲသွားဖို့အတွက် ရွေးချယ်ထားတာဆိုတော့ ကိုယ့်ရဲ့ ဦးတည်ချက်ကို လွဲသွားတာဖြစ်မှာစိုးလို့ တချို့ဟာတွေမှာ မဖြေကြားမိတာတို့၊ တချို့နေရာတွေမှာ မပါဝင်မိတာတို့ ရှိနိုင်တာတွေကို ခွင့်လွှတ်ပေးကြပါလို့။ အဓိက  လုပ်ချင်တာက ရုရှားမှာ အကောင်းဆုံးဖြစ်အောင်လို့ လုပ်ချင်ပါတယ်။”

by နော်နိုရင်း  (ဒီဗွီဘီ).

ရေးကူးဝတ်စုံ ၀တ်ရမှာရှက်တဲ့ Myanmar Miss Universe မိုးစက်ဝိုင်

၁၉၆၁ ခုနှစ်မှစတင်ပြီး ကမ္ဘာ့မယ်စကြ၀ဠာပြိုင်ပွဲသို့ မြန်မာနိုင်ငံက ပါဝင် ယှဉ်ပြိုင်ခြင်းမပြုခဲ့ရာမှ နှစ်ပေါင်း ၅၂ အကြာ ၂၀၁၃ ခုနှစ် ရုရှားနိုင်ငံတွင် ကျင်းပမည့် မယ်စကြ၀ဠာပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်မည့် အလှမယ်ကို အောက်တိုဘာလ ၃ ရက်နေ့ညပိုင်း ရန်ကုန်မြို့ အမျိုးသားကဇတ်ရုံမှာ ရွေးချယ်ခဲ့ပြီး Miss Myanmar Universe 2013 အဖြစ် အသက် ၂၅ နှစ်အရွယ် မိုးစက်ဝိုင်က အရွေးချယ်ခံလိုက်ရသည်။ ကမ္ဘာ့ မယ်စကြ၀ဠာပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်မည့် မိုးစက်ဝိုင်ကို ဧရာဝတီသတင်းထောက်မြတ်သူအောင်က တွေ့ဆုံမေးမြန်းထားသည်။
မေး။     ။ Myanmar Miss Universe အဖြစ် အရွေးချယ်ခံရတဲ့အတွက် ဘယ်လိုခံစားနေရလဲ။
ဖြေ။     ။ ဘယ်လိုခံစားရလဲဆိုတော့ အသက်၂၅နှစ် ကျမှ ဖြစ်လာတဲ့အတွက် ဒီအခွင့်အရေးက မိုးစက် အတွက် အချိန်ကောင်းမှာကြုံတယ် လို့ပဲထင်ပါတယ်၊ ငယ်ငယ်တုန်းကသာ ဆိုရင် ဒီလို Experience လည်းရှိမှာ မဟုတ်ဘူး၊ ကိုယ့်ရဲ့အရည်အချင်း ကလည်း အဲ့လောက်ပြည့်ဝမှာ မဟုတ်သေးဘူးလေ။ ကျောင်းမပြီးသေးလို့ကျောင်းနဲ့ တဘက်ဆိုရင် ကျောင်းဘက် ပဲရွေးချယ်မိမှာလေ၊ ဒါကြောင့် အချိန်ကောင်းနဲ့ကြုံရတာပါ။
မေး။     ။ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့ Miss Universe တဦး အဖြစ် လူတွေရဲ့စိတ်ဝင်စားမှုခံနေရတဲ့ သူတယောက် ဖြစ်သွားပြီ ဆိုတော့ စောင့်စည်း ထိန်းသိမ်းရမှာတွေများသွားပြီ။ မိုးစက်ရဲ့ အနာဂတ်မှာ ဘယ်လိုနေထိုင်သွားမလဲ။
ဖြေ။     ။ တွေးထားပါတယ်၊ ဒီပွဲက တခြားပွဲတွေလို ဆုရရင်ပြီးသွားတာမဟုတ်ပါဘူး၊ တောင်တက်ဖို့အတွက် တောင်တက် ခွင့်ရသွားတဲ့ သဘောပါ၊ ကိုယ်ကတခြားနိုင်ငံတွေနဲ့ယှဉ်ပြိုင်ရတော့မယ်ဆိုတော့ ကိုယ့်ရဲ့ အဟြေအဆို၊ အပြုအမူတွေက မြန်မာနိုင်ငံ ရဲ့ကိုယ်စားပြုဖြစ်တဲ့အတွက် ကိုယ့်လူမျိုးကို ကိုယ်စားပြုတဲ့အတွက် စဉ်းစားရတော့မယ်၊ ကိုယ်လုပ်ချင်တာ လုပ်လို့တော့ မရတော့ဘူးပေါ့။
မေး။     ။ ကိုယ့်အလှကို ကိုယ်ယုံကြည်ပြီးတော့ Miss Universe ၀င်ပြိုင်ခဲ့တာလား။
ဖြေ။     ။ မိုးစက်အမြင်မှာ ဒီ Miss Universe Myanmar က အလှတခုတည်းနဲ့ မပြည့်စုံပါဘူး၊ အဓိက ကတော့ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ မြန်မာနိုင်ငံကို ကိုယ်စားပြု နိုင်မယ့်သူကိုရှာတာပါ၊ ညီမကတော့ ကိုယ့်ကိုယ်ကိုယ် ကိုယ်စားပြု နိုင်မယ် လို့တော့ ထင်ပါတယ်၊၊
မေး။     ။ ကမ္ဘာ့မယ်စကြ၀ဠာပြိုင်ပွဲမှာ ဆုရဖို့ မျှော်မှန်းထားလား။
ဖြေ။     ။ မိုးစက်က ဟိုမှာဆုရဖို့ထက် မြန်မာနိုင်ငံကို လူတွေပိုသိစေချင်ပါတယ်၊ ဟိုနိုင်ငံတွေကလာပြိုင်တဲ့ Miss တွေကို လည်း မြန်မာ့ ယဉ်ကျေးမှုလေး တော့ပြချင်ပါတယ်၊ ဘာပဲဖြစ်ဖြစ် မြန်မာလို့သိသွားဖို့က မိုးစက်ရဲ့ရည်ရွယ်ချက်ပါပဲ။
မေး။     ။ မယ်စကြ၀ဠာပြိုင်ပွဲဝင်ဖို့ ဘယ်လိုတွေ ပြင်ဆင်သွားမလဲ။
ဖြေ။     ။ မိုးစက်အဲ့လိုမျိုး အဓိကလေ့လာထားတာမရှိပါဘူး၊ ဟြေပြချင်တာက မြန်မာနိုင်ငံအကြောင်းဟြေပြချင်တယ်၊ ယဉ်ကျေးမှု ကတော့ မိုးစက်က မြန်မာနိုင်ငံမှာ ကြီးလာတဲ့အတွက်မြန်မာ့ယဉ်ကျေးမှုကတော့ ကိုယ့်ရဲ့အတွင်းပိုင်းမှာ ရှိပြီး သားပါ၊ ဒါကဖယ်ထုတ်လို့လည်းမရတဲ့ အရာပါ၊ ဖုံးလို့လည်းမရတဲ့ အရာပါ၊ အဲ့ဒါကိုတော့ တကူးတက လေကျင့်စရာမလိုဘူးလို့ထင်ပါတယ်။
မေး။     ။ ညီမလေးရဲ့ပညာရေး အကြောင်းပြောပြပါဦး။
ဖြေ။     ။ မိုးစက်က အမေရိကန်နိုင်ငံ လော့စ် အိန်ဂျလစ်မှာရှိတဲ့ ကယ်လဖိုးနီးယားလူဗန်တက္ကသိုလ်ကနေ Business Marketing နဲ့ဘွဲ့ရခဲ့တာပါ၊ ဒါပေမယ့် ရန်ကုန်မှာတော့ အဝေးသင် English Major တက်ခဲ့ပါတယ်။ ပြည်ပမှာ ကျောင်းတက်တာက ပြည်ပ အတွေ့အကြုံလိုချင်လို့ပါ၊ အဓိကကတော့ မြန်မာနိုင်ငံမှာ တက်တယ် ဆိုရင် မြန်မာစနစ် ပဲကြုံရမှာလေ၊ ကိုယ်ကပိုပြီးတိုးတက်ချင်တယ်၊ အတွေ့အကြုံလည်းပိုရချင်တယ်၊ ကိုယ့်ကိုယ် ကိုယ် အားကိုးချင် တဲ့စိတ် လည်း ရှိချင်တာကြောင့်လည်းပါပါတယ်၊၊
မေး။     ။ နိုင်ငံခြားမှာနေတော့ အဲ့ဒီမှာလိုလွတ်လွတ်လပ်လပ်နေချင်တဲ့စရိုက်တွေ ကူးစက်လာတာမျိုးရှိလား။
ဖြေ။     ။ မိုးစက်က ကိုယ်ကောင်းတယ်လို့ထင်တဲ့ဟာကိုပဲ ကိုယ်လက်ခံပါတယ်၊ ဥပမာ လူဆိုတာ အရှက်အကြောက် အရမ်းကြီးနေရင် ဘာပဲဖြစ်ဖြစ် မအောင်မြင်ဘူးပေါ့နော်၊ ဒါမျိုးတွေတော့ ဟိုရောက်တဲ့အခါမှာ ကိုယ်က ဟြေင်းရမှာပေါ့၊ သူများဟြေရင် ကိုယ် ဟြေရဲရမယ်၊ ဒါမျိုးလေးတွေကတော့ ဟြေင်းသင့်လို့ဟြေင်းတာပါ၊ ဟြေင်းနိုင်အောင်လည်း ကြိုးစား ထားပါတယ်၊၊
မေး။     ။ အနုပညာအလုပ်ကို ၀ါသနာပါလား။
ဖြေ။     ။ ၀ါသနာပါလားဆိုတော့ မင်းသမီးလုပ်ချင်တာတော့ မဟုတ်ပါဘူး၊ ဒီဟာကျတော့ ဘ၀မှာတခါကြုံတဲ့ အခွင့် အရေး၊ ပြီးတော့ ကိုယ့်နိုင်ငံ ကိုယ်စားပြု၊ ကိုယ့်လူမျိုး ကိုယ်စားပြုလို့ရမယ်၊ နိုင့်ငံ့ဝန်တခုကို ထမ်းဆောင်တဲ့ အခွင့်အရေး တခု အနေနဲ့ ကြုံတဲ့အတွက် လုပ်ဖြစ်သွားတာပါ။
မေး။     ။ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်ဖို့   ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရဲ့လား။
ဖြေ။     ။ မိုးစက်က နိုင်ငံတကာနဲ့ Compare လုပ်တယ်လို့မမြင်ပါဘူး၊ မြန်မာနိုင်ငံကို ကိုယ်စားပြုတဲ့အတွက် မြန်မာ့ ယဉ်ကျေးမှု ကိုပဲ သိစေချင်ပါတယ်၊ ကမ္ဘာကကြည့်နေတဲ့အတွက် မြန်မာ့ယဉ်ကျေးမှု၊ မြန်မာလူမျိုး၊ မြန်မာ့ ထုံးတမ်း ဓလေ့တွေ ကိုပဲ မြင်စေချင်ပါတယ်။
မေး။     ။ ဘယ်နိုင်ငံက Miss Universe တွေကိုသဘောကျလဲ။
ဖြေ။     ။ မိုးစက် အမြဲသဘောကျတာကတော့ ဗင်နီဇွဲလားက Miss တွေကို သဘောကျပါတယ်၊ သူတို့ကအရမ်း ချော တယ်၊ သူတို့ရဲ့ Body ကလည်း သေသေချာချာအချိုးကျကျကိုလှပတယ်၊ သူတို့ Work က တကယ့် Professional  ပဲ။
မေး။     ။  မယ်စကြ၀ဠာပြိုင်ပွဲ သွားပြိုင်ပြီး ပြန်လာရင်ရော ဘာတွေလုပ်မယ် စဉ်းစားထားလဲ။
ဖြေ။     ။ အဓိကကတော့ ညီမလူမှုရေးလုပ်ငန်းတွေပဲ လုပ်ချင်ပါတယ်၊ Miss ရထားတဲ့အချိန်မှာ လူမှုရေး လုပ်ရင် ပိုလွယ်တယ် လို့ထင်ပါတယ်၊ လူတွေကိုပိုစည်းရုံးနိုင်မယ်၊ ကိုယ်ဟြေတာကိုလက်ခံလာမယ်လို့ထင်ပါတယ်၊ မင်းသမီး လုပ်ချင်ရင် ရုပ်ရှိရင်လုပ်လို့ရပါတယ်၊၊
မေး။    ။ ရုရှား မယ်စကြ၀ဠာပြိုင်ပွဲမှာ ဘယ်လို Talent တွေလုပ်မယ်လို့စဉ်းစားထားလဲ။
ဖြေ။     ။ မိုးစက်ကြည့်ဖူးတဲ့ Miss Universe ကတော့ Talent မပါဘူး၊ တကယ်လို့ Talent ပါရင်တော့ ညီမ မြန်မာ အကနဲ့ ဖျော်ဖြေ တင်ဆက်ကပြမှာပါ။ ကျွမ်းကျွမ်းကျင်ကျင်တော့ မကတတ်ပါဘူး၊ ဒါပေမယ့် ငယ်ငယ်တုန်းက သင်္ကြန်ယိမ်းအက ကိုတော့ အထက်တန်းကျောင်းမှာတုန်းကပါဝင် ကပြဖူးပါတယ်။
မေး။     ။ မိုးစက်မှာ ဘယ်လို အားနည်းချက်တွေရှိလဲ။
ဖြေ။     ။ အားနည်းချက်က မိုးစက်ရှက်တတ်ပါတယ်၊ နောက်တခုက မိုးစက်ရဲ့ Walking Skill သိပ်မကောင်းသေးပါဘူး၊၊
မေး။     ။ ရှက်တတ်တယ်ဆိုတော့ ရေကူးဝတ်စုံ ၀တ်တော့ ဘယ်လိုခံစားရလဲ။
ဖြေ။     ။ အဲ့ဒါကတော့စိတ်ထဲမှာ Mood တခုသွင်းရပါတယ်၊ ရေကူးဝတ်စုံဝတ်တာ အစကတော့ ရှက်တယ်၊ နောက်ပြန် စဉ်းစားကြည့်တော့ ဒါအားကစား တခု၊ ရေကူးတယ်လို့ကိုယ့်ကိုယ်ကိုယ်သတ်မှတ်ထားပါတယ်၊ လူတိုင်းရေကူးရင် ရေကူး ၀တ်စုံပဲဝတ်တယ်၊ ဒါကြောင့် အဲ့လိုရေကူးတယ်လို့ စိတ်သွင်းလိုက်တဲ့ အတွက်မိုးစက်အဆင်ပြေသွားပါတယ်ရှင့်။
မေး။     ။ ဘာကိုဝါသနာပါတာလဲ။
ဖြေ။     ။ မိုးစက်သီချင်းဆိုတာ ၀ါသနာပါပါတယ်။
 မေး။     ။ မြန်မာနိုင်ငံက မီဒီယာတွေအပေါ်ရော ဘယ်လိုမြင်လဲ။
ဖြေ။     ။ အခုမီဒီယာတွေဝိုင်းနေတယ်ဆိုတော့ အကောင်းဖြေရမယ် ထင်တယ်နော်(ရယ်လျှက်)၊ အကောင်း မဖြေရင်အကုန်လုံးဝိုင်းပြီးတော့ ပြဿနာရှာမှာလေ၊ မီဒီယာတွေက အကုန်လုံးအရမ်းကောင်းပါတယ်။
မေး။    ။ ပရိသတ်ကို ဘာပြောချင်လဲ။
ဖြေ။     ။ ညီမပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်၊ Vote ပေးတာလည်းကျေးဇူးတင်ပါတယ်၊ နိုင်ငံ ကိုယ်စားပြု ဖြစ် အောင် ကြိုးစားပါ့မယ်လို့ကတိပေးပါတယ်။

Miss Universe 2012 Live Telecast Full Show [HQ]



No comments:

Post a Comment

以愛傳承更新的教會——從馬太福音看教會

弟兄姐妹平安! 歡迎來到神的面前,一起來敬拜,一起學習神的話,一起讓我們的教會教會成為教會。 回到我們一直學習的問題:「教會是什麼?」、「教會應該是什麼?」、「教會在世上的目的又是什麼?」、「怎樣的特質才能讓教會像個教會」。這是我們教會一直在學習的真理,也是我們教會的使命。作...